Text messaging

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Text messaging သို့မဟုတ် texting ဆိုသည်မှာ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းမှတဆင့် ပေးပို့သော အီလက်ထရောနစ် ပေးစာ ဖြစ်သည်။ အင်တာနက်မှ ပေးနိုင်သကဲ့သို့ ဆယ်လူလာကွန်ယက်မှလည်း ပို့၍ရသည်။

ယခင်က ဂဏန်းနှင့် အက္ခရာများသာပါ၍ စာတို (SMS) ဟု ခေါ်ကြသည်။ နောင်သော် ပုံများ၊ ဗီဒီယိုတိုများနှင့် အီမိုဂျီများပါ ပို့နိုင်လာပြီး စာစုံ (MMS) ဟူ၍ ဖြစ်လာသည်။ ထို့နောက်မှ Text messaging ဟူသောအသုံး တွင်ကျယ်လာခြင်း ဖြစ်သည်။

၂၀၁၀ ဝန်းကျင်တွင် အချို့နိုင်ငံများ၌ အီးမေးလ်ကဲ့သို့ပင် အညွှန်းခံစာအဖြစ် သတ်မှတ်လာကြသည်။


Developed by StudentB